အမေဇုန်ကုမ္ပဏီ သူဌေးကြီး ဂျက်ဖ်ဘီဇော့ရဲ့ အာကာသခရီးသွားလုပ်ငန်း Blue Origin က လွှတ်တင်လိုက်တဲ့ New Shepherd ဒုံးပျံနဲ့အတူ ပေါ့စတား ကေတီပယ်ရီနဲ့ အမျိုးသမီး ငါးယောက်တို့ အာကာသထဲကို ၁၁ မိနစ်ကြာ ခရီးစဥ်သွားရောက်ပြီး အောင်မြင်စွာ ပြန်လာနိုင်ခဲ့ကြပါတယ်။ မြေပြင်ကို ဆင်းသက်လာခဲ့အပြီးမှာ ကေတီပယ်ရီက မြေကြီးကို နမ်းခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီခရီးစဥ်အတွက် ငွေကြေးဘယ်လောက် ပေးရတယ်ဆိုတာ ကုမ္ပဏီဘက်က ထုတ်မပြောပေမယ့် လက်မှတ်နေရာအတွက် တစ်ယောက်ကို ကြိုတင်စရန်ငွေ ဒေါ်လာ တစ်သိန်းခွဲပေးခဲ့ကြရပါတယ်။



