ထိုင်းနိုင်ငံ ချောင်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသည်ဟု ထိုင်းအခြေစိုက် Khaosad မီဒီယာက ဖော်ပြသည်။ချောင်ဘူရီခရိုင် ခရိုင် မူး ၈ ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် ဧပြီ ၁၄ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး သေဆုံးပြီး ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။


