back

"ကိုယ့်ရှိလည်း ခဏပဲ ဒီနေ့ရှိလည်း နောက်နေ့ဆင်းရဲရင် ဆင်းရဲသွားမှာပဲဆိုတော့ အန်တီမှာ လှူဖို့အတွက်ပဲ ခေါင်းထဲရှိပါတယ်” ဆိုတဲ့ ဒေါ်စန္ဒီစိုး (စံတော်ဝင် ကျောက်မျက်နဲ့ Handmades)

Apr 15 • 8:41 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

"ကိုယ့်ရှိလည်း ခဏပဲ ဒီနေ့ရှိလည်း နောက်နေ့ဆင်းရဲရင် ဆင်းရဲသွားမှာပဲဆိုတော့ အန်တီမှာ လှူဖို့အတွက်ပဲ ခေါင်းထဲရှိပါတယ်” ဆိုတဲ့ ဒေါ်စန္ဒီစိုး (စံတော်ဝင် ကျောက်မျက်နဲ့ Handmades)

စံတော်ဝင် ကျောက်မျက်နဲ့ Handmades မှ ဒေါ်စန္ဒီစိုးက "အကုန်လုံးက တစ်ချိန်တည်းမှာ စုဖြစ်ကြတာမို့ အန်တီ တတ်နိုင်သလောက် ခွဲလှူတယ်။ အန်တီရဲ့ မိတ်ဆွေအပေါင်းအသင်းထဲက ...

စံတော်ဝင် ကျောက်မျက်နဲ့ Handmades မှ ဒေါ်စန္ဒီစိုးက "အကုန်လုံးက တစ်ချိန်တည်းမှာ စုဖြစ်ကြတာမို့ အန်တီ တတ်နိုင်သလောက် ခွဲလှူတယ်။ အန်တီရဲ့ မိတ်ဆွေအပေါင်းအသင်းထဲက ဘုန်းကြီးတွေရှိတယ်။ သူတို့လည်း အဲလိုဖြစ်ကြတယ်။ ငလျင်လေးမှာပါကြတဲ့အ တွက် အန်တီကခွဲလှူတာပေါ့။ ဒီကမှ ရောင်းရမှ လှူရမယ်ဆိုတဲ့ အသိကို အန်တီမရှိဘူး။ ခုလည်း လှူဒါန်းနေပါ တယ်။ ညဆိုရင် အိပ်လို့တောင်မပျော်ပါဘူး။ သူတို့အစားလည်း။ မန္တလေးမှာဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့အတိုင်းပဲ ခံစားရတယ်။ ပုံတွေကြည့်ပြီး မျက်ရည်လည်းကျပြီး ငိုရတယ်။ အမြဲတမ်းဆုတောင်းပေးနေပါတယ်။ အားလုံး ဘေးအန္တရာယ်ကင်းကြပါစေလို့…။ ဒါကတော့ နေ့မြင်ညပျောက်ပေါ့။ သံဝေဂတရားရအောင် တရားပြနေတာဆိုတော့ အမြဲတမ်း တရားနှလုံးသွင်းတယ်။ နေ့မြင်ညပျောက်လောက ကြောက်စရာကြီးပါလား ကိုယ့်ရှိလည်း ခဏပဲ ဒီနေ့ရှိလည်း နောက်နေ့ဆင်းရဲရင် ဆင်းရဲသွားမှာပဲဆိုတော့ အန်တီမှာ လှူဖို့အတွက်ပဲ ခေါင်းထဲရှိပါတယ်”လို့ ပြောကြားလာပါတယ်။


news-view-count-icon

31