back

ပြင်ဦးလွင်မှာ သင်္ကြန်ရေကစားသူ မရှိသလောက် နည်းသွား

Apr 15 • 8:42 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင်မှာ သင်္ကြန်ရေကစားသူ မရှိသလောက် နည်းသွား

ဧပြီ ၁၅ ရက်နေ့ သတင်းအရ ပြင်ဦးလွင်မြို့မှာ၊ သင်္ကြန်အကြိုနေ့မှ အကြတ်နေ့နံနက်ပိုင်းအထိ ရေပက်ကစားသူမရှိသလောက်နည်းသွားကြောင်း ဒေသခံများထံကသိရသည်။ “မြို့တွင်း မန္တလ...

ဧပြီ ၁၅ ရက်နေ့ သတင်းအရ ပြင်ဦးလွင်မြို့မှာ၊ သင်္ကြန်အကြိုနေ့မှ အကြတ်နေ့နံနက်ပိုင်းအထိ ရေပက်ကစားသူမရှိသလောက်နည်းသွားကြောင်း ဒေသခံများထံကသိရသည်။ “မြို့တွင်း မန္တလေး-လားရှိုးလမ်းပေါ်မှာက သုံးရက်စလုံးရေပက်သူရှိကိုမရှိတာ၊ သင်္ကြန်မတိုင်ခင်ကတည်းက ဒီနှစ်ရေမဆော့ကြဘူးလို့ဆုံးဖြတ်ထားကြတာပေါ့နော်၊ ကန်တော်ကြီးဘက်လည်းမရှိသလောက်ပဲဗျ” ဟု ပြင်ဦးလွင်ဒေသခံတစ်ဦးကပြောသည်။

news-view-count-icon

29