ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရီမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို မတ်လ ၂၉ ရက်နေ့မှစတင်၍ တာဝန်ရှိသူများက ဆောင်ရွက် ပေးလျက်ရှိသလိုဆောင်ရွက်ရာတွင် ဇမ္ဗူသီရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်၍ မြို့နယ် Rapid Response အဖွဲ့များနှင့် ဧရာ၀တီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့များက မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ယာယီ ပြောင်းရွေ့နေထိုင်သည့်နေရာများ၊ စာသင်ကျောင်းများ၊ Campများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခြင်း၊ အစားအစာများ သန့်ရှင်းစွာ စားသောက်သောက်ရန် အသိပညာပေးခြင်း၊ သောက်ရေများအား ရေသန့်ဆေးပြားများခပ်ပေးခြင်း၊ ရေသန့်စက် Lifestraw များဖြန့်ဝေခြင်း၊ Hand Gel များဖြန့်ဝေခြင်း၊ သုံးရေကန်များအား ကလိုရင်းဆေးများခပ်ခြင်း၊ ဆေးစိမ်ခြင်ထောင်များဖြန့်ဝေခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ၀မ်းလျော၀မ်းပျက်ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း စသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။



