မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား အေးချမ်းသာယာစွာဖြင့် ဧပြီလ၁၃ရက်က စတင်ကျင်းပခဲ့သလို မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ကို ညောင်ဦး- ကျောက်ပန်းတောင်းနှစ်လမ်းသွားကားလမ်းမကြီးဘေးတွင် ဆောက်လုပ်ထားပြီး သင်္ကြန်အကြိုနေ့အား ဗဟိုမဏ္ဍပ်ရှေ့တွင် အေးချမ်းစွာရေကစားကြခြင်းနှင့် သာကူချိုစတုဒိသာကျွေးခြင်းများဖြင့် အေးချမ်းစွာကျင်းပခဲ့ပြီး ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေဘုရားဖူးလာ ကားများအား စတုဒိသာပါဆယ်ဝေငှခြင်း၊ ရေကစားခြင်းများဖြင့် အေးချမ်းစွာကျင်းပခဲ့ပါတယ်။



