back

အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော် ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေ ကျပ်သိန်း ၈၇၀ ကျော် ရရှိထားပြီး ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေ

Apr 14 • 5:47 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော် ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေ ကျပ်သိန်း ၈၇၀ ကျော် ရရှိထားပြီး ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေ

မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သော အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော် ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် အနယ်နယ်အရပ်ရပ်မှအလှူရှင...

မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သော အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော် ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် အနယ်နယ်အရပ်ရပ်မှအလှူရှင်များက အလှူငွေများ ထည့်ဝင်လှူဒါန်းလျှက်ရှိရာ ဧပြီလ ၁၃ ရက်နေ့အထိ စုစုပေါင်းထည့်ဝင်လှူဒါန်းငွေ (၈၇,၉၈၃,၀၀၀/-)ကျပ် ရရှိခဲ့ပြီဖြစ်ကာအဆိုပါ မန္တလေးမြေငလျင်ကြီးကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင်အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံတို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘုရားဂေါကပကအဖွဲ့မှ ဘုရားကျောင်းတော်ပေါ်သို့ တက်ရောက်ဖူးမြော် ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားခဲ့ရာမှ ယခုအခါ ဘုရားဖူးပြည်သူများ အမြန်ဆုံး ပြန်လည်လာရောက် ဖူးမျှော်နိုင်ရေးအတွက် ထိခိုက်ပျက်စီးသွားသည့် စံကျောင်းတော်အစိတ်အပိုင်းများကို ကျွမ်းကျင်ပညာရှင်များဖြင့် အရှိန်အဟုန်မြှင့် ပြုပြင်မွမ်းမံလျက်ရှိပါတယ်။




news-view-count-icon

71