အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရှိမ်းမကားဘေးမဲ့တောရှိ တောရကြီးကျောင်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသလို"ရှိမ္မကားတောရကျောင်း"ကို ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီးက ၁၂၂၄ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြေဧက ၃၃ဝ ကျော်ကို ဘေးမဲ့တောအဖြစ် သတ်မှတ်အမိန့်ထုတ်ပြန်ထားခြင်း ဖြစ်ကာမြန်မာသက္ကရာဇ် ၁၂၂၅ခုနှစ် ကဆုန်လပြည့်ကျော် (၇)ရက်နေ့တွင် ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ရှိမ္မကားရွာအနီး၊ မူလပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏ တောရကျောင်းတော်ကြီး တည်ရှိရာ ဒေသဖြစ်သော ရွှေသမင်ပေါသည့် သဘာဝတောကို စောင်းတန်းဒကာ ငရိုးကို ဘေးမဲ့အုပ်အဖြစ် ခန့်အပ်စောင့်ရှောက်စေခဲ့ကြောင်း သမိုင်းတွင်တွေ့ရသည်။ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့အနီး (၁၄ မိုင်လမ်းခွဲ)မှ အမှတ် ၃ လမ်းမကြီးခေါ် ခရိုင်ချင်းဆက်လမ်းအတိုင်း တောင်ဘက်သို့ သွားလျှင် ၂၆ မိုင်ဝန်းကျင်တွင် ရှိမ်းမကား လမ်းခွဲသို့ ရောက်ပြီး လမ်းခွဲမှ အရှေ့ဘက်သို့ ၂ မိုင်ဝန်းကျင်ခန့် ဆက်သွားလျှင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိမ်းမကားကျေးရွာရှိ "ရှိမ္မကာတောရကျောင်း" သို့ရောက်ရှိမှာဖြစ်ပါတယ်။
Apr 14 • 5:41 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


