မြန်မာ့သင်္ကြန်ကို ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရတဲ့ ပထမဆုံးနှစ်မှာပဲ အင်အားပြင်းငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာ့ယဥ်ကျေးမှုဗဟိုချက် မန္တလေးမြို့ဟာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မကျင်းပနိုင်ခဲ့တဲ့ ပထမဆုံးနှစ်တစ်နှစ် ဖြစ်သွားခဲ့ပါတယ်။လက်ရှိတွင် မန္တလေးစည်ပင်ရုံးရဲ့ ဆောက်လက်စ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဟာ ငလျင်ကူညီကယ်ဆယ်ရေး ကွပ်ကဲရေးရုံးအဖြစ် ပြောင်းလဲထားသလို လမ်းလျှောက်သင်္ကြန်တည်ရှိရာ ၇၃ လမ်းရှိ မင်္ဂလာမန္တလေး တစ်လျှောက်ဟာလည်း တိတ်ဆိတ်ခြောက်ကပ်လို့နေပါတယ်။
မြန်မာ့သင်္ကြန်ကို ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရတဲ့ ပထမဆုံးနှစ်မှာ ငလျင်ဒဏ်ကြောင့် တိတ်ဆိတ်သွားခဲ့ရသည့် မန္တလေးသင်္ကြန်ပွဲ
Apr 14 • 4:02 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 27 | 0 | 0 | 0 |


