ယနေ့ ဧပြီလ၁၄ရက် မနက်၈နာရီဝန်းကျင်က
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊မုန့်မြောက်ရပ်ကွက်၊ စိန့်မေရီဝင်းအမှိုက်ပုံထဲမှ မွေးကင်းစကလေး အလောင်းတွေ့ရှိ ခဲ့ရပြီး ကလေးငယ်အလောင်းတွေ့ရှိခဲ့တဲ့အတွက် စမ်းချောင်း အရန်မီးသတ်မှ သွားရောက်ကူညီပေးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။စိန့်မေရီဝင်းအမှိုက်ပုံထဲမှ မွေးကင်းစကလေးအလောင်းကို အကူအညီတောင်းခံမှုအရ ထုပ်ပိုးပီး ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာနသို့ အလောင်းအပ်နှံကူညီပေးခဲ့ပါတယ်။


