back

ထိုင်းတွင် (ဆုန်ခရန်)သင်္ကြန်ပွဲ ပထမရက်၌ပင် မတော်တဆမှု ၂၁၁ မှုဖြစ်ကာ ၂၇ ဦးသေဆုံးခဲ့

Apr 14 • 3:54 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ထိုင်းတွင် (ဆုန်ခရန်)သင်္ကြန်ပွဲ ပထမရက်၌ပင် မတော်တဆမှု ၂၁၁ မှုဖြစ်ကာ ၂၇ ဦးသေဆုံးခဲ့

ထိုင်းနိုင်ငံတွင် ရွှေမဟာသင်္ကြန်နှစ်အဖြစ် ယခုနှစ်ဆုန်ကရန်ပွဲတော်ရက်သတ္တပတ်ကို ဧပြီလ၁၁ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားရာ ပထမဆုံးရက်မှာပင် မတော်တဆမှု ၂၁၁ မှုဖြစ်ပွားရ...

ထိုင်းနိုင်ငံတွင် ရွှေမဟာသင်္ကြန်နှစ်အဖြစ် ယခုနှစ်ဆုန်ကရန်ပွဲတော်ရက်သတ္တပတ်ကို ဧပြီလ၁၁ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားရာ ပထမဆုံးရက်မှာပင် မတော်တဆမှု ၂၁၁ မှုဖြစ်ပွားရာမှ ၂၇ ဦးသေဆုံး ပြီး၂၀၁ ယောက် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဘန်ကောက်တွင် အများဆုံးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ၅ ဦးသေဆုံးခဲ့ပါတယ်။ယာဉ်မတော်တဆမှုအများဆုံးတွင် ယာဉ်မောင်း၏ အပြုအမူအကျင့်စရိုက်ကြောင့် ဖြစ်ကာ သေဆုံးမှုများရခြင်းဖြစ်သည့်အတွက် ယာဉ်မောင်းများ အထူးသတိပြုရန်၊ အရက်နှင့်ဘီယာများကို သတ်မှတ်ဥပဒေနှင့်အညီ ရောင်းချကာ အသက် ၂၀ အောက်လူငယ်များကို မရောင်းချရေး ဒေသဆိုင်ရာ မိဘပြည်သူများကပါ ထိန်းမတ်ပေးဖို့ လိုကြောင်းထုတ်ပြန်ထားပါတယ်။ယာဉ်များ သတ်မှတ်အရှိန်ထက်ပိုမမောင်းစေရန် အတွက်လည်း ပွဲတော်ကာလတွင် GPS စနစ်များ ၂၄ နာရီအပြည့် အလုပ်လုပ်စေရန် လမ်းညွှန်ထားပြီး ဖြစ်ကြောင်း၊ ဆုန်ကရန်သင်္ကြန်ရက်များဖြစ်သည့် ဧပြီ ၁၂ မှ ၁၄ ရက်အတွင်း မြောက်ပိုင်းဒေသများ တွင်လည်း မိုးကြိုးမုန်တိုင်းများရှိမည်ဟု ခန့်မှန်းထုတ်ပြန်ထားပြီးဖြစ်သဖြင့် အထူးသတိပြုနေထိုင်ကြရန်ပါ ထုတ်ပြန်သွားခဲ့ပါတယ်။



news-view-count-icon

26