back

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ငလျင်ဒဏ်သင့်သူများအတွက် ပထမအကြိမ်အဖြစ် အလှူငွေ သိန်းပေါင်း (၁၅၀၀) ကျော်လှူဒါန်းခဲ့

Apr 14 • 4:05 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ငလျင်ဒဏ်သင့်သူများအတွက် ပထမအကြိမ်အဖြစ် အလှူငွေ သိန်းပေါင်း (၁၅၀၀) ကျော်လှူဒါန်းခဲ့

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ နေ ပြည်တော်နှင့် စစ်ကိုင်းတိုင်းတို့မှ ငလျင်ဒဏ်သင့်သူများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်...

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ နေ ပြည်တော်နှင့် စစ်ကိုင်းတိုင်းတို့မှ ငလျင်ဒဏ်သင့်သူများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းတို့ထံသို့ ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ပထမအကြိမ်အဖြစ် အလှူငွေများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ကျိုက်ထီးဆောင်းဆရာတော်ကြီးနှင့် ငါးသုံးလီတပည့် ဒကာ၊ ဒကာမများစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးမြို့ရှိ မစိုးရိမ်တိုက်သစ်အတွက် အလှူတော်ငွေကျပ်သိန်း(၃၀၀)၊ ငလျင်ဒဏ်သင့်သူများကုသမှုခံယူနေကြသည့် မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးအရိုးအထူးကုဆေးရုံကြီးရှိ လူနာ(၄၀၀)ဦးအတွက် အလှူငွေကျပ်သိန်း(၄၀၀)၊ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အလှူတော်ငွေကျပ်သိန်း(၁၀၀)တို့ကို လှူဒါန်းခဲ့ပါတယ်။


news-view-count-icon

38