မတ်လကုန်တွင် ကုန်ဆုံးသည့် ပြီးခဲ့သည့်ဘဏ္ဍာနှစ် ၂၀၂၄-၂၅တွင် Apple Inc သည် အိန္ဒိယတွင် အိုင်ဖုန်းများ ကန်ဒေါ်လာ ၂၂ ဘီလီယံဖိုး ထုတ်လုပ်ခဲ့သလိုအဆိုပါတန်ဖိုးသည် လက်လီအရောင်းဈေးနှုန်းအရ တွက်ချက်ထားခြင်း မဟုတ်ဘဲ စက်ရုံထုတ်ဈေးဖြင့် တွက်ချက်ထားခြင်းဖြစ်ကာထုတ်လုပ်မှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ထက် ၆၀% ပိုများခဲ့ပြီးယခုအခါ အိုင်ဖုန်း ၅ လုံး ထုတ်လုပ်လျှင် တစ်လုံးသည် အိန္ဒိယတွင် ထုတ်လုပ်သည့် အိုင်ဖုန်း ဖြစ်သည်။အိန္ဒိယတွင် အိုင်ဖုန်းများကို ထိုင်ဝမ်အခြေစိုက် Foxconn Technology Group ၏ စက်ရုံများတွင် အများဆုံး ထုတ်လုပ်ပြီးပြည်တွင်းလုပ်ငန်းစုကြီး Tata Group ၏ အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍက အိုင်ဖုန်းထုတ်လုက်သည့် Wistron Corp. ၏ အိန္ဒိယရှိ အိုင်ဖုန်းစက်ရုံကို ဝယ်ယူပြီး အိုင်ဖုန်း ထုတ်လုပ်သည်။ ထို့ပြင် Tata Group သည် အိုင်ဖုန်း ထုတ်လုပ်သည့် Pegatron Corp ၏ အိန္ဒိယလုပ်ငန်းကဏ္ဍတွင် ရှယ်ယာများ ဝယ်ယူပြီး ထိန်းချုပ်သည့်အဆင့်အတန်းကို ရယူထားပါတယ်။Apple သည် အိန္ဒိယ၏ စမတ်ဖုန်းဈေးကွက်တွင် စျေးကွက်ဝေစု ၈ ရာခိုင်နှုန်းနီးပါး ရရှိထားသလို၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈ ဘီလီယံဖိုး အိန္ဒိယတွင် ရောင်းချခဲ့ပါတယ်။


