အင်ဒိုနီးရှားမှ နိုင်ငံတကာ ခရီးသွားများ အလာများသည့် ဘာလီကျွန်းတွင် မြေအောက်အမြန်ရထားလမ်း Bali Urban Subway အသစ်အတွက် ခန့်မှန်းကုန်ကျစရိတ် ကန်ဒေါ်လာ ၂၀ ဘီလီယံ ရှိမည့် Bali Mass Rapid Transit စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပါတယ်။အဆိုပါမြေအောက်ရထားလမ်းသည် သွားလာရသည့် အချိန်များကို သိသိသာသာ လျှော့ချပေးမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းကို ပံ့ပိုးပေးမှာလည်းဖြစ်ပါတယ်။ဘာလီကျွန်းတွင် အဆောက်အဦးများကို အုန်းပင်ထက် မမြင့်ရဟု ပြဋ္ဌာန်းထားသည်နှင့်အညီ မြေအောက်ရထားလမ်း အဆောက်အဦးများကို ဗိသုကာဒီဇိုင်း ထုတ်ထားပါတယ်။ရထားလမ်းသည် Gusti Ngurah Rai International Airport (DPS) နှင့် အပန်းဖြေစခန်းများရှိရာ ဘာလီကျွန်းတောင်ပိုင်းကို ဆက်သွယ်ပေးထားမည်ဖြစ်ကာအမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် ၆၂ မိုင် ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှ ဘာလီကျွန်းတွင် မြေအောက်အမြန်ရထားလမ်း Bali Urban Subway အသစ်အတွက် Bali Mass Rapid Transit စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့်လုပ်ဆောင်မည်
Apr 14 • 2:58 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


