back

Nescafé အမှတ်တံဆိပ်၏ တစ်ဦးတည်းမူပိုင်ဖြစ်သော Nestlé အား ထိုင်းနိုင်ငံရှိ Nescafé ထုတ်ကုန်များနှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ခြင်းကို တားမြစ်ထား

Apr 14 • 2:56 AM

breaking-news

မြန်မာ

ပြည်ပ

cover

Nescafé အမှတ်တံဆိပ်၏ တစ်ဦးတည်းမူပိုင်ဖြစ်သော Nestlé အား ထိုင်းနိုင်ငံရှိ Nescafé ထုတ်ကုန်များနှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ခြင်းကို တားမြစ်ထား

ထိုင်းမှ မင်းဘူရီ မြို့ပြ တရားရုံးသည် ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ယာယီအမိန့်စာထုတ်ပြန်ခဲ့သလို၎င်းအမိန့်စာတွင်  Nescafé အမှတ်တံဆိပ်၏ တစ်ဦးတည်းမူပိုင်ဖြစ်သော N...

ထိုင်းမှ မင်းဘူရီ မြို့ပြ တရားရုံးသည် ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ယာယီအမိန့်စာထုတ်ပြန်ခဲ့သလို၎င်းအမိန့်စာတွင်  Nescafé အမှတ်တံဆိပ်၏ တစ်ဦးတည်းမူပိုင်ဖြစ်သော Nestlé အား ထိုင်းနိုင်ငံရှိ Nescafé ထုတ်ကုန်များနှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ခြင်းကို တားမြစ်ထားသည်။ Nestlé ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ ရောင်းချခြင်းနှင့် တင်သွင်းခြင်းတို့ကို ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားထားပါတယ်။Nescafé ၏ ထိုင်းထုတ်လုပ်သူဟောင်းဖြစ်သည့် Quality Coffee Products (QCP) အစုရှယ်ယာရှင် Chalermchai Mahagitsiri မှ ဥပဒေအရ တရားစွဲဆိုပြီးနောက် အဆိုပါအမိန့်စာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာတုံ့ပြန်သည့်အနေဖြင့် ဧပြီလ ၁၁ ရက်တွင် Nestlé Thailand သည် အဆိုပါတားမြစ်ချက်ကို ပြန်လည်ရုပ်သိမ်းပေးရန် ၎င်းတရားရုံးသို့ အရေးပေါ် လျှောက်လဲချက် တင်ပြခဲ့ပါတယ်။အဆိုပါဆုံးဖြတ်ချက်သည် ၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် စတင်သက်ရောက်ခဲ့သည်။ Nestlé Thailand; ကုမ္ပဏီအား Nescafé အမှတ်တံဆိပ်အောက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၎င်း၏လုပ်ငန်းလည်ပတ်မှုနှင့် ထုတ်ကုန်ဖြန့်ဖြူးမှုကို ပြန်လည်စတင်ခွင့်ပြုခဲ့ကာတားမြစ်ချက်ကို ရုတ်သိမ်းရန် သင့်မသင့် ဆိုသည်ကို ဆုံးဖြတ်ရန် တရားရုံးသည် ၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက် နံနက် ၉ နာရီတွင် အရေးပေါ်ကြားနာရန် ရုံးချိန်း ပေးအပ်သည်ဟု ဧပြီလ၁၂ ရက်တွင် Nestlé Thailand က ကြေညာချက် ထုတ်ပြန်သည်။ဗဟိုဉာဏပစ္စည်းမူပိုင်ခွင့်နှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတရားရုံး Central Intellectual Property and International Trade Court က Nestlé ကို တရားအနိုင်ပေးကြောင်း၊ ထိုင်းနိုင်ငံရှိ Nescafé အမှတ်တံဆိပ်၏ တစ်ဦးတည်းသော ပိုင်ရှင်အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။



news-view-count-icon

19