မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် အာဆီယံ AHA စင်တာမှပေးပို့လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဧပြီ ၁၃ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ တန်ချိန် ၅၀၁၃ ကီလိုဂရမ်အား ဖိလစ်ပိုင်နိုင်ငံမှ C-130 လေယာဉ်ဖြင့် နံနက် ၁၀ နာရီ ၁၆ မိနစ်၊ တန်ချိန် ၄၃၁၈ ကီလိုဂရမ်အား ဖိလစ်ပိုင်နိုင်ငံမှ C-130 လေယာဉ်ဖြင့် နံနက် ၁၁ နာရီ ၁၅ မိနစ်၊ တန်ချိန် ၁၄၆၉၁ ကီလိုဂရမ်အား မလေးရှားနိုင်ငံ MAI လေ ကြောင်းလိုင်းဖြင့် မွန်းလွဲ ၁နာရီ ၁၃ မိနစ်တို့က နေပြည်တော်ရှိလေဆိပ်သို့ အသီးသီးရောက်ရှိလာခဲ့ကာအဆိုပါ ပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ကိုယ်စား တာဝန်ရှိသူများကလက်ခံရယူခဲ့ကြကြောင်း သိရပါတယ်။
Apr 14 • 2:54 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


