မန္တလေးမြို့တွင် ဧပြီလ ၁၃ ရက်နေ့လည်ပိုင်းက ငလျင်လှုပ်ခတ်နေချိန်မဟုတ်ဘဲ ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်၏မြေညီထပ် မြေကြီးထဲကျွံကျသွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရပါတယ်။မန္တလေး ငလျင်ကြီး ပြီးနောက် ငလျင်ငယ်များစွာ လှူပ်နေသည်မှာ ဧပြီလ၁၃ရက်နေ့ ဆိုလျှင် ၁၆ ရက်ပင်ရှိလာနေပြီဖြစ်ကာမန္တလေးမြို့၊ ၂၆ လမ်း၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြားရှိ ရီရှင်း ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်၏မြေညီထပ်မှာ နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က ငလျင်လှုပ်ခတ်နေချိန်မဟုတ်ဘဲ မြေကြီးထဲသို့ကျွံကျသွားခဲ့ကြောင်း သိရပါတယ်။ဖြစ်စဥ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရပါတယ်။
Apr 14 • 1:28 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 34 | 0 | 0 | 0 |


