ရာသီအသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ရခိုင်ယူနိုက်တက်အသင်းဟာ ၎င်းတို့၏ နောက်ထပ်ပြင်ဆင်မှုအနေဖြင့် မြန်မာ့ဂျာစီကုမ္ပဏီတစ်ခုဖြစ်တဲ့ Glory Sport နဲ့ လက်တွဲလိုက်ပြီဖြစ်ကြောင်း သိရှိရပြီး လာမည့် MNL League Cup ပြိုင်ပွဲမှ စတင်၍ ဂျာစီဒီဇိုင်းသစ်များကို စတင်မြင်တွေ့ သွားရဖွယ် ရှိကာ ရခိုင်ယူနိုက်တက်အသင်းဟာ ပြည်တွင်းပြည်ပကစားသမားအချို့အပြင် ဘရာဇီးနည်းပြချုပ်ကိုပါ ခေါ်ယူထားပြီး ချန်ပီယံရည်မှန်းချက် ထားရှိထားတယ်လို့ လည်း သိရှိရပါတယ်။


