ပြည်တွင်း၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်
ထိခိုက်ခံစားရသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဘေးသင့်ပြည်သူများအတွက် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှလှူဒါန်းသော ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို ဧပြီလ(၁၃)ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့ပါတယ်။လွှဲပြောင်းပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံရုံးမှ Deputy Head of Mission Embassy of Germany Ms. Bianca Drogosch က ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသော ပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ အသင်းအလုပ်အမှုဆောင် က လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကာအဆိုပါ လွှဲပြောင်းပေးအပ်ပွဲသို့ အသင်းအလုပ်အမှုဆောင်၊အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းမှ Dr. Tim Bray နှင့် Ms. Celine Charbel နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။


