ဂျပန်နိုင်ငံကို အလည်လာရောက်တဲ့ နိုင်ငံခြားသားတွေက ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ မြင့်တက်လာနေတယ်လို့ ဂျပန်ရဲတွေက ပြောပါတယ်။ မနှစ်တုန်းက ခိုးမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုတွေ အပါအဝင် ပြစ်မှုပေါင်း ၂၁,၇၉၄ မှုကို နိုင်ငံခြားဧည့်သည်တွေ ကျူးလွန်ခဲ့တယ်လို့ ဂျပန်ရဲတပ်ဖွဲ့အေဂျင်စီက ပြောပါတယ်။ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ နိုင်ငံခြားသား စုစုပေါင်း ၁၂,၁၇၀ ဦး ရှိခဲ့ပါတယ်။ အခုနောက်ဆုံးကိန်းဂဏန်းတွေအရ ဗီယက်နမ်က ပြစ်မှုကျူးလွန်သူ ၃,၉၉၀ ဦးနဲ့ ထိပ်ဆုံးမှာရှိနေပြီး တရုတ်က ၂,၀၁၁ ဦး၊ ဖိလစ်ပိုင်က ၇၃၂ ဦး၊ ထိုင်းက ၆၄၄ ဦး၊ ဘရာဇီးက ၅၇၈ ဦး အသီးသီး ရှိခဲ့ပါတယ်။ ခိုးမှုဟာ စုစုပေါင်း ၉,၁၀၃ မှုနဲ့ အများဆုံးဖြစ်ခဲ့ပြီး အဲဒီထဲမှာ အလစ်သုတ်မှုက ၂,၂၅၂ မှု ပါဝင်ပါတယ်။ ဂျပန်ရဲတပ်ဖွဲ့ဟာ နိုင်ငံခြားသားအုပ်စုတွေရဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။



