back

ဂျပန်တွင် 3D ပုံနှိပ်နည်းပညာသုံး ရထားဘူတာကို ၆ နာရီအတွင်းတည်ဆောက်

Apr 12 • 1:50 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်တွင် 3D ပုံနှိပ်နည်းပညာသုံး ရထားဘူတာကို ၆ နာရီအတွင်းတည်ဆောက်

ဂျပန်နိုင်ငံတွင် ကမ္ဘာ့ပထမဆုံးဟု သတ်မှတ်နိုင်သည့် 3D ပုံနှိပ်နည်းပညာကို အသုံးပြုထားသည့် ဘူတာတစ်ခုကို ၆ နာရီအတွင်း ထူးထူးခြားခြား တည်ဆောက်လိုက်သည်။ ဝါကာယာမာစီရင်...

ဂျပန်နိုင်ငံတွင် ကမ္ဘာ့ပထမဆုံးဟု သတ်မှတ်နိုင်သည့် 3D ပုံနှိပ်နည်းပညာကို အသုံးပြုထားသည့် ဘူတာတစ်ခုကို ၆ နာရီအတွင်း ထူးထူးခြားခြား တည်ဆောက်လိုက်သည်။ ဝါကာယာမာစီရင်စုရှိ ဟတ်ဆုရှိမာ ကျေးလက်ကမ်းခြေမြို့တွင် ဒေသခံများအတွက် နှစ်ပေါင်း ၇၅ နှစ်ကျော် ဝန်ဆောင်မှုပေးခဲ့သည့် သစ်သားဘူတာအဆောက်အအုံကို ယခု 3D ဒီဇိုင်းဘူတာဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။ ဘူတာမှ နောက်ဆုံးရထား ထွက်ခွာပြီးနောက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၇ မိနစ်တွင် တည်ဆောက်မှုကို စတင်ခဲ့ပြီး နောက်တစ်နေ့ ပထမဆုံးရထား ရောက်ရှိချိန်ဖြစ်သော နံနက် ၅ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့သည်။ ဘူတာအတွင်းပိုင်းတွင် လက်မှတ်စက်များကဲ့သို့သော တပ်ဆင်ရန် အစိတ်အပိုင်းများ ကျန်ရှိနေသေးသော်လည်း ဘူတာအဆောက်အအုံကို လာမည့် ဇူလိုင်လတွင် ဖွင့်လှစ်မည်ဖြစ်သည်။



news-view-count-icon

10