Apple သည် အမေရိကန်တွင် ရောင်းချသည့် iPhone များကို တရုတ်နှင့် အိန္ဒိယတို့တွင် ထုတ်လုပ်ကာ အမေရိကန်သို့ တင်သွင်းပြီး ရောင်းချသည်။Apple သည် လက်ရှိတွင် ၎င်း၏ ပစ္စည်းများ ထုတ်လုပ်မှုကို ၈၀% ကျော်အထိ တရုတ်ပြည်မှာ ထုတ်လုပ်သည်။ ထရမ့်က တရုတ်ပစ္စည်းများ တင်သွင်းသည့်အပေါ် အကောက်ခွန် ၁၄၅% စည်းကြပ်ရန် ပြဋ္ဌာန်းထားသဖြင့် တရုတ်နိုင်ငံထုတ် Apple ပစ္စည်းများ အမေရိကန်သို့ တင်သွင်းလျှင် အကောက်ခွန် ၁၄၅% စည်းကြပ်ခံရမည်။ သို့ဖြစ်ရာ ရောင်းဈေး မြင့်တက်မည် ဖြစ်သည်။



