back

ဂျပန်နိုင်ငံအလယ်ပိုင်း ရှီဇုအိုက မှာ လက်ဖက်ရွက်ခူးဆွတ်မှု စတင်နေ

Apr 12 • 1:43 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်နိုင်ငံအလယ်ပိုင်း ရှီဇုအိုက မှာ လက်ဖက်ရွက်ခူးဆွတ်မှု စတင်နေ

ဂျပန်နိုင်ငံအလယ်ပိုင်း ရှီဇုအိုက ခရိုင်က စိုက်ပျိုးရေးသမားတွေဟာ အခုနှစ်ရဲ့ ပထမဆုံး လက်ဖက်ရွက်တွေကို စတင်ခူးဆွတ်နေပြီ ဖြစ်ပါတယ်။ Kondo-wase မျိုးစိတ် လက်ဖက်ရွက်တ...

ဂျပန်နိုင်ငံအလယ်ပိုင်း ရှီဇုအိုက ခရိုင်က စိုက်ပျိုးရေးသမားတွေဟာ အခုနှစ်ရဲ့ ပထမဆုံး လက်ဖက်ရွက်တွေကို စတင်ခူးဆွတ်နေပြီ ဖြစ်ပါတယ်။ Kondo-wase မျိုးစိတ် လက်ဖက်ရွက်တွေကို တခြားအမျိုးအစားတွေထက် ၁၀ ရက်လောက်စောပြီး ရှီဇုအိုကမြို့ Suruga ရပ်ကွက်မှာ ဧပြီလ ၈ ရက် ဗုဒ္ဓဟူးနေ့က စတင်ခူးဆွတ်ခဲ့ပါတယ်။ အဲဒီလက်ဖက်ပင်တွေကို မီတာ ၁၅၀ လောက်မြင့်တဲ့ တောင်စောင်းတွေမှာ စိုက်ပျိုးကြပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက aracha လို့ခေါ်တဲ့ လက်ဖက်ခြောက်အကြမ်းထုတ်လုပ်ရာမှာ ခါဂိုးရှီမ ခရိုင်က ရှီဇုအိုကခရိုင်ကို ကျော်တက်ပြီး နံပါတ်တစ်ဖြစ်လာတယ်လို့ ဂျပန် စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။



news-view-count-icon

24