မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇာ့ခ်ဇီးက လိုင်ယွန်နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ လိုင်ယွန်ရဲ့ သွင်းဂိုး(၂)ဂိုးလုံးအတွက် အမှားတွေ ကျူးလွန်ခဲ့တဲ့ အသင်းဖော် ဂိုးသမား အန်ဒရေ အိုနာနာအပေါ်မှာ ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။အိုနာနာဟာ လိုင်ယွန်ရဲ့ အဖွင့်ဂိုးကို သူ့အမှားကနေ ခွင့်ပြုပေးလိုက်ရတဲ့အပြင် ဇာ့ခ်ဇီးက ဒုတိယပိုင်းမှာ လူစားဝင်ပြီး ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို သွင်းပေးထားရာကနေ ပွဲပြီးခါနီးမှာ ချာကီရဲ့ ချေပဂိုးကိုပါ အလွယ်တကူခွင့်ပြုလိုက်ရပါတယ်။ဒီလို အမှားတွေ ကျူးလွန်ခဲ့တဲ့ အိုနာနာကို နည်းပြအမော်ရင်ကကာကွယ်မှုတွေ လုပ်ဆောင်ခဲ့သလို။ ဇာ့ခ်ဇီး ကလည်းအသင်းဖော် အိုနာနာပေါ် ခုခံကာကွယ်သွားခဲ့ပါတယ်။ 
လိုင်ယွန်နဲ့ပွဲမှာ အမှားတွေ ကျူးလွန်ခဲ့တဲ့ အသင်းဖော် ဂိုးသမားအိုနာနာကို ခုခံ ကာကွယ်ပေးလိုက်တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားဇာ့ခ်ဇီး
Apr 12 • 6:49 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


