back

အမေရိကန်တို့၏ F-16 လေယာဉ်များ ရောင်းချမှု တရုတ်ဝေဖန်

Apr 12 • 6:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်တို့၏ F-16 လေယာဉ်များ ရောင်းချမှု တရုတ်ဝေဖန်

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ F-16 တိုက်လေယာဉ်များ ရောင်းချမှုကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဝေဖန်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန...

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ F-16 တိုက်လေယာဉ်များ ရောင်းချမှုကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဝေဖန်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကမူ "အမေရိကန်ပြည်ထောင်စုသည် အင်ဒို-ပစိဖိတ်ဒေသတွင် မိမိတို့၏မဟာမိတ်များ၊ မိတ်ဖက်များနှင့် အတူ ခိုင်မာစွာရပ်တည်နေပြီး ခြိမ်းခြောက်မှုများကို ကာကွယ်ရန်၊ စီးပွားရေးတည်ငြိမ်မှုကို မြှင့်တင်ရန်နှင့် အကျိုးစီးပွားများကို တိုးတက်စေရန် ဆုံးဖြတ်ချက်ချမှတ်ပြီး ဆက်လက်လုပ်ဆောင်နေပါသည်" ဟုပြောကြားခဲ့သည်။ အမေရိကန်၏ ပင်လယ်ရေပိုင်နက်ဝန်းရံထိန်းချုပ်ရေးဗျူဟာအောက်တွင် ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့သည် ပထမကျွန်းစပ်တန်း၏ အစိတ်အပိုင်းများဖြစ်ပြီး အမေရိကန်၏ ဗျူဟာမြောက်ရှုထောင့်အရ တရုတ်ကို ကာကွယ်ရန် ပထမဆုံးခုခံမျဉ်းဖြစ်‌ကြောင်း သိရသည်။

news-view-count-icon

24