back

အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီ Midea ကဲ့သို့သော တရုတ်ကုမ္ပဏီကြီးအချို့သည်မဖြစ်မနေ အလုပ်သိမ်းရမည့်အချိန်များ ပြဋ္ဌာန်းထားပြီး အလုပ်ချိန် ကျော်လွန်နေသော အစည်းအဝေးများကိုလည်း တားမြစ်ပိတ်ပင်ထားကြ

Apr 12 • 6:48 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီ Midea ကဲ့သို့သော တရုတ်ကုမ္ပဏီကြီးအချို့သည်မဖြစ်မနေ အလုပ်သိမ်းရမည့်အချိန်များ ပြဋ္ဌာန်းထားပြီး အလုပ်ချိန် ကျော်လွန်နေသော အစည်းအဝေးများကိုလည်း တားမြစ်ပိတ်ပင်ထားကြ

အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီ Midea ကဲ့သို့သော တရုတ်ကုမ္ပဏီကြီးအချို့သည် ယခုနှစ်တွင် မဖြစ်မနေ အလုပ်သိမ်းရမည့်အချိန်များ ပြဋ္ဌာန်းထားပြီး အလုပ...

အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီ Midea ကဲ့သို့သော တရုတ်ကုမ္ပဏီကြီးအချို့သည် ယခုနှစ်တွင် မဖြစ်မနေ အလုပ်သိမ်းရမည့်အချိန်များ ပြဋ္ဌာန်းထားပြီး အလုပ်ချိန် ကျော်လွန်နေသော အစည်းအဝေးများကိုလည်း တားမြစ်ပိတ်ပင်ထားကြသည်။ Midea မှ ဝန်ထမ်းများသည် ယခင်က ညနေနှောင်းပိုင်းအထိ အလုပ်ပင်ပန်းခဲ့ကြရသော်လည်း ယခုအခါ ညနေ ၆:၂၀ တွင် အလုပ်မှ ထွက်ခွာရန် ညွှန်ကြားထားသည်။ တရုတ်ပြည်တွင် ပြီးခဲ့သည့် ၁၅ နှစ်တာတွင် တွင်တွင်ကျယ်ကျယ် အသုံးများသည့် "996" ပုံစံဖြင့် အလုပ်ချိန် သတ်မှတ်ကြသည်။ မနက် ၉ နာရီမှ ည ၉ နာရီအထိ တပတ် ၆ ရက် အလုပ်လုပ်ကြရသည့် ပုံစံဖြစ်သည်။ နည်းပညာကဏ္ဍမှာ လုပ်ကိုင်နေကြသူတို့က "996" ကို ၂၀၁၉ နှင့် ၂၀၂၁ တို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြဖူးသည်။

news-view-count-icon

17