back

တောင်ကိုရီးယားနှင့် ဆီးရီးယားနိုင်ငံတိုက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထားရှိမှုသဘောတူညီချက် လက်မှတ် ရေးထိုး

Apr 12 • 6:48 AM

breaking-news

မြန်မာ

ပြည်ပ

cover

တောင်ကိုရီးယားနှင့် ဆီးရီးယားနိုင်ငံတိုက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထားရှိမှုသဘောတူညီချက် လက်မှတ် ရေးထိုး

နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထားရှိမှုသဘောတူညီချက်ကို တောင်ကိုရီးယားနှင့် ဆီးရီးယားနိုင်ငံတို့မှ တာဝန်ရှိသူများက ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့၌ လက်မှတ်ရေးထိုးခဲ့...

နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထားရှိမှုသဘောတူညီချက်ကို တောင်ကိုရီးယားနှင့် ဆီးရီးယားနိုင်ငံတို့မှ တာဝန်ရှိသူများက ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ဆီးရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ အစဉ်အလာမဟာမိတ်နိုင်ငံဖြစ်သည့်တိုင် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထားရှိရန် တောင်ကိုရီးယားအစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထားရှိနိုင်မှုကြောင့် တောင်ကိုရီးယားနှင့် သံတမန်အဆက်အဆံရှိသည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အရေအတွက်မှာ ၁၉၁ နိုင်ငံထိ ရှိလာပြီဖြစ်သည်။

news-view-count-icon

16