Starship အာကာသယာဉ်အား Tesla ကုမ္ပဏီမှ တီထွင်ထားသည့် လူသားပုံစံ Optimus စက်ရုပ်များနှင့်အတူ ၂၀၂၆ ခုနှစ်ကုန်တွင် အင်္ဂါဂြိုဟ်သို့ လွှတ်တင်နိုင်မည်ဟု SpaceX တည်ထောင်သူ အီလွန်မက်စ်က ပြောကြားသည်။“Starship ကို Optimus စူးစမ်းရှာဖွေရေး စက်ရုပ်များနှင့်အတူ လာမည့်နှစ်ကုန်မှာ အင်္ဂါဂြိုဟ်ကို လွှတ်တင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု အီလွန်မက်စ်က လူမှုမီဒီယာ X တွင် ပို့စ်တခု၌ ရေးသားထားသည်။နာဆာကို ဦးဆောင်ရန် အမေရိကန်သမ္မတက ဒေါ်နယ်ထရမ့်၏ ရွေးချယ်ခံရသူက အီလွန်မတ်စ်က အမေရိကန် အာကာသယာဉ်မှူးများ အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်ရေးကို ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်သလို လနှင့် အင်္ဂါဂြိုဟ် နှစ်ခုစလုံးကို ဆင်းသက်နိုင်ရေးကိုလည်း တပြိုင်နက်တည်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားထားသည်။
Apr 12 • 6:47 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 24 | 0 | 0 | 0 |


