လီဗာပူးလ်နဲ့ အဓိက ဖလား(၈)လုံး ရရှိထားတဲ့ ဆာလာဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ နီးစပ်နေချိန်မှာ အာနေး ဆလော့ရဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ ဆာလာရဲ့ယခင်စာချုပ်ဟာဒီနွေရာသီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေဟာလည်း ရာသီတစ်လျှောက်လုံး အဓိက ပြောစရာ အကြောင်းအရာတစ်ခု ဖြစ်ခဲ့သလိုသူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါတိုင်းမှာ ထူးထူးခြားခြားမပြောကြားခဲ့ပေမယ့် ဧပြီ ၁၁ ရက်နေ့မှာ အသင်းက သူဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အဲ့ဒီ စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းအမှားတွေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ သတင်းအတည်ပြုပြီး မကြာခင်မှာပဲ ဆာလာက သူ့ရဲ့ ဝမ်းသာမှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်က အကြောင်းပြချက်များကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Apr 12 • 6:45 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


