ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ က လန်ဒန်မြို့ အိမရိတ်ကွင်းမှာ ကစားသွားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင်အာဆင်နယ်ကအသင်းကအံ့အားသင့်စရာ ရလဒ်မျိုးနဲ့ ရီးယဲလ်ကို (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ရီးယဲလ်အနေနဲ့ မက်ဒရစ်မှာ ကစားရမယ့်ဒုတိယကျော့မှာ ပြန်လာနိုင်ဖို့က ခက်ခဲသွားပေမယ့် ရီးယဲလ်က ချန်ပီယံလိဂ် (၁၅)ကြိမ်အထိရရှိခဲ့တဲ့ အသင်းတစ်သင်းအပြင် မဖြစ်နိုင်တဲ့အခြေနေမျိုးတွေကနေပြန်လာနိုင်တာကြောင့် ဒီအချက်က စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။ဒါ့အပြင် စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ လူးဝစ် ဒီလာဖွန်တီကလည်း အခုပွဲစဉ်က ရီးယဲလ်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီ လက်ထဲမှာ ရှိနေသေးတယ်လို့ ယုံကြည်ကြောင်း ပြောဆိုလာခဲ့ပါတယ်။
Apr 12 • 6:44 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


