စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ပင်လည်ဘူးမြို့နယ်၊ ထမံမောက်လပ်ဒေသမှာ မူးယစ်ဆေးဝါး ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် ဒေသခံ မူးယစ်ဆေးသုံးစွဲသူတွေ လျော့ကျလာတယ်လို့ ဒေသခံများထံမှ လေ့လာသိရှိရပါတယ်။ယခင်က မူးယစ်ဆေးဝါးတွေဖြစ်တဲ့ ဘိန်းဖြူ၊ ဘိန်းမဲတွေဟာ မြို့နယ်ရဲ့ ကျေးရွာတိုင်းနီးပါးမှာ အလွယ်တကူ ဝယ်ယူသုံးစွဲကြတဲ့ အခြေအနေတစ်ခုရှိခဲ့ပေမယ့် လက်ရှိမှာ သုံးစွဲသူ သိသိသာသာလျော့ကျလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပင်လည်ဘူးမြို့နယ်တွင်းက ထမံ/မောက်လပ်ဒေသနှင့် ထိစပ်နေတဲ့ ဖောင်းပြင်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် အနောက်ပိုင်းဒေသတွေမှာ မူးယစ်ဆေးတွေ အလွယ်တကူရရှိနိုင်တာတွေ ဆက်လက်တွေ့မြင်နေကြရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။



