ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ငလျင်ဒဏ်ကြောင့် မြေပြိုပြီး တွင်းကြီးဖြစ်ပေါ်ခဲ့တဲ့ နေရာအနီးပတ်ပတ်လည်ကို ဒီကနေ့ ဧပြီလ ၁၁ရက်နေ့မနက်ပိုင်းမှာ ခြံစည်းရိုး ခတ်လိုက်ပါတယ်။လက်ရှိမှာတော့ အဲ့ဒီ မြေပြိုနေတဲ့ တွင်းဟာ ပိုကျယ်လာတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။မြေပြိုအက်ကွဲတာကို ဒေသခံတွေ စိုးရိမ်သလို အိမ်မွေး တိရိစ္ဆာန်တွေ အန္တရာယ်မဖြစ်စေဖို ရည်ရွယ်ပြီး စုပေါင်းကာ တွင်းအနီးအနားကို ခြံစည်းရိုး ခတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။



