ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် သထုံ-မြိုင်ကလေးလမ်းပိုင်းနှင့် မော်လမြိုင်-ရေးလမ်းပိုင်းများတွင် ရထားလမ်းနှင့် တံတားများ ကြံ့ခိုင်မှုအားနည်းသည့်အတွက် ပြန်လည်အဆင့်မြှင့်တင်နိုင်ရန် ရထားခရီးစဉ်များ ယာယီရပ်နားခဲ့သည်ဟု ဆိုသည်။ထိုနောက် သထုံ-မြိုင်ကလေး လမ်းပိုင်းတွင် သထုံလေးတိုင်အထိ လမ်းပိုင်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့၍ မတ်လ ၂၀ ရက်မှစတင်ကာ ကုန်ရထားများစတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။



