back

ငလျင်လှုပ်ပြီးနောက် အာမခံကုမ္ပဏီအချို့ သဘာဝဘေးအာမခံရောင်းချမှု ယာယီရပ်နား

Apr 11 • 3:34 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်လှုပ်ပြီးနောက် အာမခံကုမ္ပဏီအချို့ သဘာဝဘေးအာမခံရောင်းချမှု ယာယီရပ်နား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ပြီးနောက် အာမခံကုမ္ပဏီအချို့သည် သဘာဝဘေးအာမခံရောင်းချခ...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ပြီးနောက် အာမခံကုမ္ပဏီအချို့သည် သဘာဝဘေးအာမခံရောင်းချခြင်းကို ယမန်နေ့(ဧပြီ ၁၀ ရက်)မှစတင်ကာ ယာယီရပ်ဆိုင်းလိုက်ကြောင်း အာမခံကုမ္ပဏီများက ပြောသည်။KBZMS General အာမခံ ကုမ္ပဏီမှ ဝန်ထမ်းတဦးကလည်း ကား ဆိုပါက သဘာဝဘေးအားလုံးအတွက် ရောင်းချခြင်းရပ်နားထားပြီး နေအိမ်အာမခံများအတွက် ရေကြီးရေလျှံ၊ လေပြင်းမုန်တိုင်း၊ မြေကျွံ စသည့် အာမခံများကို ဝယ်ယူနိုင်သော်လည်း မီး၊ ငလျင် နှင့် စစ်ဘေး အာမခံရောင်းချမှုကို ရပ်နားထားကြောင်း ဆိုသည်။ မတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နိုင်ငံအဝှမ်း နေအိမ် ၆၀,၀၀၀ ကျော်၊ စာသင်ကျောင်း ၂,၃၆၆ ကျောင်း၊ ဘုန်းကြီးကျောင်း နှင့်သီလရှင်ကျောင်း ၃,၅၁၄ ကျောင်း၊ ဆေးရုံဆေးခန်း ၂၉၁ ခု ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ယနေ့ (ဧပြီ ၁၁ ရက်)ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။




news-view-count-icon

28