မန္တလေးငလျင်ကြီးကြောင့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ မကိုဋ်တော် တမ်းစောင်းခဲ့မှုကို ရှေးမူပျက် မူလပုံစံအတိုင်းဖြစ်စေရန် ပြန်လည်တည့်မတ်မည့်လုပ်ငန်းကို ယနေ့ ဧပြီ၁၁ရက် ညနေပိုင်းမှစတင် ဆောင်ရွက်နေပြီဖြစ်သည်။မကိုဋ်တော်ကို ပြန်လည်တည့်မတ်မည့်လုပ်ငန်းအတွက် ပထမအဆင့်အဖြစ် ပလ္လင်တော်ပေါ်၌ ငြမ်းဆင်ခြင်းကို ယနေ့စတင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။



