back

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့ရသည့် မန္တလေးမြို့မှ ဟိုတယ်များ၏ ပျက်စီးဆုံးရှုးမှုများကို စနစ်တကျစာရင်းပြုစုတင်ပြရန် ဟိုတယ်ခရီးဝန်ကြီးမှာကြား

Apr 11 • 3:32 PM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့ရသည့် မန္တလေးမြို့မှ ဟိုတယ်များ၏ ပျက်စီးဆုံးရှုးမှုများကို စနစ်တကျစာရင်းပြုစုတင်ပြရန် ဟိုတယ်ခရီးဝန်ကြီးမှာကြား

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို့မှ ဟိုတယ်များ၏ ပျက်စီးဆုံးရှုံးမှုများကို စနစ်တကျစာရင်းပြုစုတင်ပြရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို့မှ ဟိုတယ်များ၏ ပျက်စီးဆုံးရှုံးမှုများကို စနစ်တကျစာရင်းပြုစုတင်ပြရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက မှာကြားသည်။ဟိုတယ်ခရီးဝန်ကြီးမှ ငလျင်ဒဏ်ကြောင့် ဟိုတယ်အဆောက်အအုံများအတွင်းအပြင်ပြိုကျပျက်စီးနေမှု၊ ပျက်စီးမှုများကိုရှင်းလင်းဖယ်ရှားနေမှုများနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဟိုတယ်များမှတာဝန်ရှိသူများကိုအားပေးကာ ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများကို လမ်းများပိတ်ဆိုမှုမရှိအောင် အမြန်ရှင်းလင်းဖယ်ရှားရန်၊ အပျက်အစီးများကို ဖယ်ရှားခြင်း၊ အဆောက်အအုံများကို ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ရန် မှာကြားခဲ့သည်။



news-view-count-icon

14