အမေရိကန် နူးယောခ့်မြို မန်ဟက်တန်ရှိ တိုင်အမှတ် ၄၀ အနီး၌ ဟဒ်ဆန်မြစ်ထဲသို့ ရဟတ်ယာဉ်တစ်စီးသည် ဧပြီ ၁၀ ရက် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လေယာဉ်မှူးတစ်ဦး၊ လူကြီး နှစ်ဦးနှင့် ကလေးသုံးဦး စုစုပေါင်း လူခြောက်ဦးစလုံး သေဆုံးခဲ့ကြောင်း နူးယော့ခ်မြို့ မြို့တော်ဝန် အဲရစ်အဒမ်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရဟတ်ယာဉ်သည် နယူးဂျာဆီ ကမ်းရိုးတန်းတစ်လျှောက် မောင်းနှင်ရန်အတွက် ဂျော့ခ်ျဝါရှင်တန်တံတား၌ အလှည့်တွင် မထိန်းနိုင်ဘဲပျက်ကျရခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျသည့် အကြောင်းရင်းအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း တစ်ရှ်၏ ပြောကြားချက်အရ သိရသည်။
Apr 11 • 2:33 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


