back

ဗြိတိန်နှင့် ဂျပန်ဝန်ကြီးချုပ်များ ကုန်သွယ်ရေးစစ်ပွဲကို ဆန့်ကျင်ကြောင်းဆို

Apr 11 • 2:34 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဗြိတိန်နှင့် ဂျပန်ဝန်ကြီးချုပ်များ ကုန်သွယ်ရေးစစ်ပွဲကို ဆန့်ကျင်ကြောင်းဆို

ဗြိတိန်ဝန်ကြီးချုပ်ကဲစတာမာနှင့် ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအိရှိဘတိုသည် ဧပြီလ ၁၀ ရက် ကြာသပတေးနေ့က စကားပြောခဲ့ကြပြီး ကုန်သွယ်ရေးစစ်ပွဲသည် မည်သူကိုမျှအကျိုးမပြုကြော...

ဗြိတိန်ဝန်ကြီးချုပ်ကဲစတာမာနှင့် ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအိရှိဘတိုသည် ဧပြီလ ၁၀ ရက် ကြာသပတေးနေ့က စကားပြောခဲ့ကြပြီး ကုန်သွယ်ရေးစစ်ပွဲသည် မည်သူကိုမျှအကျိုးမပြုကြောင်း နှစ်ဖက်သဘောတူခဲ့ကြသည်ဟုသိရသည်။ အမေရိကန်ပြည်ထောင်စုဘက်က နိုင်ငံအများစုအပေါ် အခွန် ၁၀ ရာခိုင်နှုန်းတိုးသည့်အပြင် သံမဏိ၊ အလူမီနီယံနှင့် ကားအစိတ်အပိုင်းများ တင်သွင်းခွန်ကိုမူ ၂၅ ရာခိုင်နှုန်းကောက်ခံမှုကြောင့် ယခုတွေ့ဆုံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဗြိတိန်ဝန်ကြီးချုပ်ကမူ အမေရိကအနေဖြင့် အင်္ဂလန်၏ သွင်းကုန်အားလုံးအပေါ် အခွန်စည်းကြပ်မှု ၁၀ ရာခိုင်နှုန်းတိုးခြင်းကို လျှော့ပေးမည်မဟုတ်သော်လည်း ကားတင်သွင်းမှုအပေါ် ၂၅ ရာခိုင်နှုန်းတိုးမြှင့်ခြင်းကို ဖြေလျှော့ပေးရန် ကန်သမ္မတအားစည်းရုံးနိုင်ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။



news-view-count-icon

21