back

ထိုင်းနိုင်ငံရှိ ပြိုကျသွားတဲ့ အဆောက်အဦးကို သံချောင်းတွေ တင်သွင်းခဲ့တဲ့ တရုတ်ကုမ္ပဏီကို အထူးအဖွဲ့ ဝင်ရောက်စစ်ဆေး

Apr 11 • 2:29 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံရှိ ပြိုကျသွားတဲ့ အဆောက်အဦးကို သံချောင်းတွေ တင်သွင်းခဲ့တဲ့ တရုတ်ကုမ္ပဏီကို အထူးအဖွဲ့ ဝင်ရောက်စစ်ဆေး

ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အထပ် ၃၀ မြင့်အဆောက်အဦးမှာ သံချောင်းတွေ တင်သွင်းခဲ့တဲ့ တရုတ်ကုမ္ပဏီ Xin Ko Yuan (SKY) ကို ထို...

ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အထပ် ၃၀ မြင့်အဆောက်အဦးမှာ သံချောင်းတွေ တင်သွင်းခဲ့တဲ့ တရုတ်ကုမ္ပဏီ Xin Ko Yuan (SKY) ကို ထိုင်းစက်မှုဝန်ကြီးဌာန အထူးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ပြိုကျသွားတဲ့ အဆောက်အဦးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရ စက်မှုဝန်ကြီး Akanat Promp han ကိုယ်တိုင်က တရားရုံးတရုံးရဲ့ ခွင့်ပြုချက်နဲ့ အမိန့်ပေးစေခိုင်းခဲ့တာဖြစ်ပါတယ်။ SKY ကုမ္ပဏီထဲ ဝင်ရောက်စစ်ဆေးရှာဖွေတဲ့ကိစ္စကို ထိုင်းအစိုးရစက်မှုဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ နဲ့အတူ ထိုင်းဗဟိုထောက်လှမ်းရေးအဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။




news-view-count-icon

17