ထိုင်းမှာ ဆုန်ခရန် ရဲ့ အန္တရာယ်ရှိတဲ့ ၁၀ ရက် ဖြစ်တဲ့ ဧပြီလ ၁၁ ရက်ကနေ ၂၀ ရက်ဟာ စတင်ပြီ ဖြစ်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက ကားလမ်း ဘေးကင်းလုံခြုံရေး စင်တာကို ဖွင့်လှစ်လိုက်ပါတယ်။ အစိုးရဟာ ပွဲတော်ကာလအတွင်း ထိခိုက်ဒဏ်ရာရမှုနဲ့ လူသေဆုံးမှုကို လျှော့ချပေးဖို့ ကားလမ်း ဘေးကင်းလုံခြုံရေး မူဝါဒတွေကို ပြုလုပ်ထားတယ်လို့ ပြောပါတယ်။ ပညာရေး ဝန်ကြီး Permpoon Chidchob က ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းကာ အလုပ်သင်ကျောင်းတွေမှ ကား စက်ပြင် ကျောင်းသားတွေဟာ တစ်နိုင်ငံလုံးမှ လောင်စာဆီ ကားတွေနဲ့ လျှပ်စစ်ကားတွေကို စစ်ဆေးမှုတွေ ပြုလုပ်သွားမည် ဖြစ်သည်။



