ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဟုမ္မလင်းမြို့တွင် ငွေသားပြတ်လပ်မှုများတစ်ပတ်ကျော်ကြာမြင့်လာပြီဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် ဒေသခံများက ဆိုသည်။ ထိုငွေသားပြတ်လပ်မှုတွေကြောင့် ရွှေစျေးနှုန်းများသည် စျေးကွက်ပေါက်စျေးထက် များစွာစျေးနှိမ်ပြီး ပန်းတိမ်နှင့် ရွှေရောင်းဝယ်ရေး လုပ်ငန်းရှင်များက ဝယ်ယူနေကြသည်။ ရှားပါးမှုကို ဖြေရှင်းနိုင်ဖို့အတွက် ငွေထုတ်/ငွေလွှဆိုင်များက ငွေသားဖြင့် ငွေလာလွှသူများကို ရာခိုင်နှုန်းဖြင့်ပြန်လည်ပေးအပ်မှုတွေနဲ့ လုပ်ဆောင်နေကြကြောင်း သိရသည်။



