မတ်လ ( ၂၈ ) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ငလျင် ဒဏ်ကြောင့် ပြည်တွင်းရှိ အားကစားပြိုင်ပွဲများ ရပ်တန့်ထားပြီး မြန်မာပိုက်ကျော်ခြင်း အသင်းသည်လည်း အာရှဖလားပြိုင်ပွဲမှ နှုတ်ထွက်လိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာပိုက်ကျော်ခြင်းအသင်းဟာ မတ်လအတွင်းကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ( ၁ ) ဆု ၊ ငွေတံဆိပ်ဆု ( ၂ ) ဆုနှင့် ကြေးတံဆိပ်ဆု( ၁ ) ဆု ရယူပေးနိုင်ခဲ့သည်။



