ယနေ့ (ဧပြီ ၁၁) တစ်ရက်တည်းတွင် မြန်မာနိုင်ငံအတွင်း ငလျင်ငါးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
1. ဝမ်းတွင်းမြို့အနီးတွင် မနက် ၈:၄၃ ခန့်က အင်အား ၃.၀ ရစ်ချ်တာစကေး၊
2. တောင်ငူမြို့အနီးတွင် မနက် ၉:၀၀ ခန့်က အင်အား ၄.၃ ရစ်ချ်တာစကေး၊
3. ဝမ်းတွင်းမြို့အနီးတွင် နေ့လည် ၁၁:၀၀ ခန့်က အင်အား ၅.၀ ရစ်ချ်တာစကေး၊
4. မလှိုင်မြို့အနီးတွင် နေ့လည် ၁၁:၃၀ ခန့်က အင်အား ၄.၉ ရစ်ချ်တာစကေး၊
5. တပ်ကုန်းမြို.အနီးတွင် ညနေ ၃:၂၀ ခန့်က အင်အား ၄.၀ ရစ်ချ်တာစကေးရှိ ငလျင်များ လှုပ်ခတ်ခဲ့ပါတယ်။ မသိမသာ ငလျင်အသေးလေးတွေကတော့ မကြာခဏလှုပ်နေတာ ငလျင်အချက်ပြဆော့ဝဲတွေမှာ တွေ့ရပါတယ်။



