back

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဘိလပ်မြေစက်ရုံ (၅) ရုံအား ပြန်လည်ပြင်ဆင်မည်

Apr 11 • 11:58 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဘိလပ်မြေစက်ရုံ (၅) ရုံအား ပြန်လည်ပြင်ဆင်မည်

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသည့် ဘိလပ်မြေစက်ရုံများ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ပြည်ပမှကျွမ်းကျင်ပညာရှင် ခေါ်ယူနိုင်ရေး၊ လိုအပ်သည့် စက်ပစ္စည်းများ...

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသည့် ဘိလပ်မြေစက်ရုံများ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ပြည်ပမှကျွမ်းကျင်ပညာရှင် ခေါ်ယူနိုင်ရေး၊ လိုအပ်သည့် စက်ပစ္စည်းများ ပြည်ပမှမှာယူနိုင်ရေး ထောက်ခံဆောင်ရွက်ပေးနိုင်တယ်လို့သိရပါသည်။မန္တလေး ငလျင်ကြီးဒဏ်ကြောင့် ပြည်တွင်းမှာရှိတဲ့ ဘိလပ်မြေစက်ရုံ (၉) ရုံထဲမှ မန္တလေးတိုင်းဒေသကြီးမှ ဘိလပ်မြေစက်ရုံ (၄) ရုံနှင့် နေပြည်တော်ကောင်စီနယ်မြေမှ ဘိလပ်မြေစက်ရုံ (၁) ရုံ စုစုပေါင်း (၅) ရုံပျက်စီးခဲ့ပါတယ်။ မန္တလေးငလျင်ကြီး မလှုပ်ခတ်မီ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ပြည်တွင်းမှာရှိတဲ့ ဘိလပ်မြေစက်ရုံ (၉) ရုံကနေ ဘိလပ်မြေတန်ချိန် (၆၃) သိန်းကျော် ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။




news-view-count-icon

17