back

စစ်ကိုင်းငလျင် ဗဟိုချက်နေရာအနီး မြေလွှာ၌ ထူးခြားမှုများ ဖြစ်ပေါ်ခဲ့

Apr 11 • 11:50 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းငလျင် ဗဟိုချက်နေရာအနီး မြေလွှာ၌ ထူးခြားမှုများ ဖြစ်ပေါ်ခဲ့

ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းငလျင်အတွက် အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ (USGS) က ထုတ်ပြန်တဲ့ ငလျင်ဗဟိုချက်နေရာမှာ မြေတွင်းအပူရှိန်ကြောင့် ...

ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းငလျင်အတွက် အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ (USGS) က ထုတ်ပြန်တဲ့ ငလျင်ဗဟိုချက်နေရာမှာ မြေတွင်းအပူရှိန်ကြောင့် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဠာန်လောင်ကျွမ်းထားတဲ့ မြက်ပင်တွေကို တွေ့ရပြီး ငလျင်လှုပ်ပြီး ၁၀ ရက်အကြာ ဧပြီ ၇ ရက်နေ့ကတောင် အပူရှိန်ကရှိနေပါတယ်။ငလျင်ဗဟိုချက်နေရာ သွားရောက်ကြည့်ရှုခဲ့သူ စာရေးအနောက်ရွာသားတယောက်က “ပြောရမယ်ဆိုရင် ဒါက သဘာဝမြက်ရိုင်းတော။ ဒေသအခေါ် မြို့မြက်တောမှာ ငလျင်ရဲ့ ဗဟိုချက်လို ယူဆလိုရတဲ့ နေရာပေါ့လေ။ သူတို့ထုတ်ပြန်ထားတဲ့နေရာက တထပ်တည်းကျတဲ့နေရာက ထူးခြားမှုရှိနေတာက ဘာလဲဆိုတော့ တောမြက်ရိုင်းတွေ လူရှိထားလို့ လောင်ကျွမ်းထားတဲ့ အနေအထားမဟုတ်ဘဲ သဘာဝအတိုင်း လောင်ကျွမ်းထားတဲ့ နေရာမျိုး တွေ့ရတယ်ဗျ” လို ပြောပါတယ်။




news-view-count-icon

15