စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ငလျင်ကြောင့် အိမ်တွေပျက်စီးလို့ နေစရာမရှိသူတွေနဲ့ အခက်အခဲ ဖြစ်နေသူတွေကို ယာယီနေစရာတွေနဲ့ ထောက်ပံ့ပစ္စည်းတွေ စနစ်တကျပေးအပ်တဲ့ နေရာ ၆ ခု ရှိတယ်လို့ သိရပါတယ်။အဲ့ဒီ စုရပ် တည်နေရာတွေကတော့ စကုမော်ကျောင်းတိုက်၊ ရန်နိုင် အ ထ က ခွဲ၊ နှစ် ၇၀၀ ပြည့် အားကစားကွင်း၊ မြို့သစ်တိုက်တန်း၊ စည်းခုံကြီးစေတီတော် နဲ့ အ ထ က ၂ စာသင် ကျောင်း တို့မှာ ရှိတာဖြစ်ပါတယ်။



