မြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနဲ့အညီ ရိုးရာမပျက် ဆက်လက် ထိန်းသိမ်းဖို၊ ပြည်သူတွေ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာနဲ့ ရေသဘင်ပွဲတော်မှာ ယဉ်ကျေးသိမ်မွေ့စွာ ပါဝင် ဆင်နွှနိုင်ဖို့၊ မြန်မာမှု မြန်မာ့ဟန် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနှစ်သာရတွေ အမျိုးသားရေး စရိုက်လက္ခဏာတွေကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။အဲဒါကြောင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးတွေရဲ့ အမြင်မှာ မတင့်တယ် တဲ့ နေထိုင်ပြုမူမှုတွေ ရှောင်ကြဉ်ဖို၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုတွေ ရှောင်ကြဉ်ဖို့၊ သူတစ်ပါးအန္တရာယ်ဖြစ် စေမယ့် ကြမ်းတမ်းတဲ့ ရေကစားမှု ထိပါးနှောင့်ယှက်မှုတွေ ရှောင်ကြဉ်ဖို့၊ သူတစ်ပါး ဒါမှမဟုတ် အဖွဲ့အစည်း ဂုဏ် သိက္ခာ ပျက်ပြားထိခိုက်စေဖို့ သံချပ်ထိုးတာ သီဆိုတာ လှုပ်ရှားဆောင်ရွက်တာတွေ ရှောင်ကြည်ဖို့နဲ့ မြန်မာ့ ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်တာ ရှောင်ကြဉ်ဖို့ နှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။



