အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတဲ့ မြန်မာနိုင်ငံမှာ ဆေးဝါးကုသရေးလုပ်ငန်းတွေအတွက် ဒုတိယမြောက် ဂျပန်ဆေးအဖွဲ့ကို မနက်ဖြန်မှာ စေလွှတ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီအိုင်ဝါယာက ပြောပါတယ်။အဖွဲ့ဝင် ၃၇ ယောက်ပါတဲ့အဖွဲ့ဟာ ငလျင်ဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ မန္တလေးမှာ သောက်သုံးရေသိုလှောင်ရေး၊ ရွက်ဖျင်တဲ့အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေကိုလည်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။



