back

လီဗာပူးလ်အသင်းသည် အီဂျစ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာအား (၂) နှစ်စာချုပ်ထပ်မံချုပ်ဆို

Apr 11 • 9:02 AM

breaking-news

မြန်မာ

ပြည်ပ

cover

လီဗာပူးလ်အသင်းသည် အီဂျစ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာအား (၂) နှစ်စာချုပ်ထပ်မံချုပ်ဆို

လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အီဂျစ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာ (၃၂ နှစ်)အား (၂) နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ကြ...

လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အီဂျစ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာ (၃၂ နှစ်)အား (၂) နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ ဆာလာသည် ၂၀၁၇ နွေရာသီတွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် (၃၉၃) ပွဲတွင် (၂၄၃) ဂိုးသွင်းယူထားကာ ဂိုးဖန်တီးမှု (၁၀၉) ကြိမ် ပြုလုပ်ထားသည်။ ဆာလာသည် လီဗာပူးလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်အပါအဝင် ဆုဖလား (၇) လုံး ရယူထားသည်။ ၎င်းသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် (၂၇) ဂိုးအထိ ပြိုင်ပွဲစုံ (၃၂) ဂိုး သွင်းယူထာားသည်။

news-view-count-icon

17