ချယ်လ်ဆီးအသင်းက လီဂီယာဝါဆောအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အကယ်ဒမီထွက် ဂျော့ချ်နဲ့ အခီပေါင်တို့ကို နည်းပြမာရက်စ်ကာက ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ မာရက်စ်ကာက “ဂျော့ချ်က ကျနော်တို့ရဲ့ကောင်လေးတွေထဲက တစ်ဦးဖြစ်တဲ့အတွက် ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအကယ်ဒမီအတွက် ပျော်ရွှင်မိပါတယ်။ သူဟာပထမပိုင်းမှာ အလွန်ကောင်းမွန်ခဲ့ပြီး အလယ်မှာ ကစားရတာ သူ့အတွက် ပိုကောင်းမယ်လို့ထင်ပါတယ်။ အခီပေါင်ရဲ့စွမ်းဆောင်ရည်ကို ကျနော်နှစ်သက်မိပါတယ်။ သူဟာ ချယ်လ်ဆီးအတွက် အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်နိုင်ပြီး သူဟာ မတူညီတဲ့နေရာတွေမှာ ကစားနိုင်တဲ့သူဆိုတာ ပြသခဲ့တယ်” လို့ ပြောခဲ့တာပါ။ 
| 13 | 0 | 0 | 0 |


